ကောင်းသော/အမှု/ကို ဆောင်ရွက်ခြင်း
3
အုပ်ချုပ်သူများ/နှင့် အာဏာပိုင်များ/ကို နာခံကြ/ရန် ကရေတေကျွန်း/၌ နေထိုင်ကြသော/ယုံကြည်သူတို့/အား သတိပေးလော့။ သူတို့/သည် နာခံ/၍ ကောင်းမှု/အမျိုးမျိုး/ကို အချိန်မရွေး/ပြုနိုင်/ရန် အဆင်သင့်/ဖြစ်နေ/ရမည်။ 2 သူတို့/သည် မည်သူ့/ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်း/အပေါ် ထောက်ထား/ညှာတာသော စိတ်/နှင့် နူးညံ့သိမ်မွေ့/စွာ ဆက်ဆံရမည်။
3 တစ်ချိန်/က ကျွန်ုပ်တို့/သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်း/နှင့် အပျော်အပါး/လိုက်စားခြင်းတို့/၌ ကျွန်ခံသူ၊ ဆိုးညစ်သော/စိတ်/နှင့် မနာလိုသော/စိတ်တို့/ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်း/ကို ခံရသူ၊ အချင်းချင်း/မုန်းတီးသူ/တို့ ဖြစ်ခဲ့ကြ၏။ 4 သို့သော် ကျွန်ုပ်တို့/၏ ကယ်တင်ရှင်/ဘုရားသခင်/၏ ကျေးဇူးပြုခြင်း/နှင့် ချစ်ခြင်းမေတ္တာ ပေါ်လွင်ထင်ရှား/လာ/သောအခါ 5 ကျွန်ုပ်တို့/သည် ကယ်တင်တော်မူခြင်း/ခံရ၏။ ဤသို့ ကယ်တင်တော်မူခြင်း/ခံရသည်/မှာ ကျွန်ုပ်တို့ ပြုသည့်/ဖြောင့်မတ်သော/အကျင့်/ကြောင့် မဟုတ်ဘဲ သနားကြင်နာတော်မူခြင်း/ကြောင့် ဖြစ်၏။ ကိုယ်တော်/သည် သန့်ရှင်းသော/ဝိညာဉ်တော်/၏ ဆေးကြောပေးခြင်း/ဖြင့် ကျွန်ုပ်တို့/ကို အသစ်/တစ်ဖန်/မွေးဖွားစေခြင်း/နှင့် စိတ်သစ်/လူသစ်/ဖြစ်စေခြင်း/အားဖြင့် ကယ်တင်တော်မူ၏။ 6 ဘုရားသခင်/သည် ကျွန်ုပ်တို့/၏/ကယ်တင်ရှင် ယေရှု/ခရစ်တော်/အားဖြင့် ထို/သန့်ရှင်းသော/ဝိညာဉ်တော်/ကို ကျွန်ုပ်တို့/အပေါ် ရက်ရော/စွာ သွန်းလောင်းတော်မူ၏။ 7 ဤသည်/မှာ ကျွန်ုပ်တို့/သည် ကျေးဇူးတော်/ကြောင့် ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရ/သဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရ/အသက်/ကို အမွေခံ/နိုင်ရန်/ဖြစ်၏။ 8 ဤ/စကား/သည် စိတ်ချ/ယုံကြည်ရသော စကား/ဖြစ်၏။ သင်တို့/သည် ထို/အရာများ/ကို အထူး/ဂရုစိုက်/၍ တိုက်တွန်းကြ/ရန် ကျွန်ုပ်/အလို/ရှိ၏။ ဤ/နည်း/ဖြင့် ဘုရားသခင်/ကို ယုံကြည်သောသူတို့/သည် ကောင်းမှုပြု/ရန် ကြိုးစား/နိုင်မည်။ အထက်ပါ/အရာတို့/သည် ကောင်းမွန်/၍ လူတိုင်း/အတွက် အကျိုးပြုသော/အရာများ/ဖြစ်၏။
9 မိုက်မဲသော/ငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်/စာရင်းများ/ကို ဆွေးနွေး/ရာတွင် အချိန်ပေးခြင်း၊ ပညတ်တရား/နှင့်ပတ်သက်/၍ စကားများ/ခိုက်ရန်/ဖြစ်ခြင်းတို့/ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထို/အရာများ/သည် အကျိုး/မရှိ။ အသုံး/လည်း/မဝင်/သောကြောင့် ဖြစ်၏။ 10 စိတ်ဝမ်း/ကွဲစေတတ်သောသူ/ကို နှစ်ကြိမ်/ထိတိုင် သတိပေး/ပြီးနောက် မနာခံ/လျှင် ထို/သူ/နှင့် အဆက်အသွယ်/ဖြတ်လော့။ 11 ထိုသို့သောသူ/သည် အကျင့်/စာရိတ္တ/ပျက်ပြားသူ/ဖြစ်ကြောင်း သင်/သိ၏။ သူ/၏ အပြစ်များ/ကပင် သူ/၌ အပြစ်ရှိကြောင်း ဖော်ပြနေ၏။
နိဂုံးချုပ်/ညွှန်ကြားခြင်း/နှင့် နှုတ်ဆက်ခြင်း
12 အာတေမ၊ သို့မဟုတ် တုခိတ်/ကို သင့်/ထံသို့ ကျွန်ုပ်/စေလွှတ်မည်။ ကျွန်ုပ်/သည် နိကောပလိမြို့/၌ ဆောင်းရာသီ/ကို ဖြတ်သန်း/ရန် ဆုံးဖြတ်ထားသည်/ဖြစ်/၍ သူတို့/ရောက်/သောအခါ ကျွန်ုပ်/ထံသို့ လာ/ရန်/ကြိုးစားလော့။ 13 ကျမ်းတတ်/ပညာရှင် ဇေန/နှင့် အာပေါလု/တို့ကို အတတ်နိုင်ဆုံး/ကူညီ/၍ လမ်းခရီး/တွင် သူတို့/လိုအပ်သမျှ အရာ/အားလုံး/ကို ဖြည့်ဆည်းပေးလော့။ 14 ကျွန်ုပ်တို့/၏/လူတို့/သည် ကောင်းမှုပြု/ရန် လေ့လာ/သင်ယူကြ/ရမည်။ သို့မှသာ သူတို့/သည် အကျိုး/ရှိရှိ အသက်ရှင်/နေထိုင်/နိုင်ပြီး အခြားသူများ အရေးပေါ်/လိုအပ်ချက်/ရှိသော/အချိန်/၌ ကူညီပေး/နိုင်ကြမည်။
15 ကျွန်ုပ်/နှင့်အတူ/ရှိသောသူ/အားလုံး/သည် သင့်/အား နှုတ်ဆက်လိုက်ပါ၏။ ယုံကြည်ခြင်း/နှင့်တကွ ကျွန်ုပ်တို့/ကို ချစ်ကြသောသူများ/အားလည်း နှုတ်ဆက်ပေးလော့။ ကျေးဇူးတော်/သည် သင်တို့/အားလုံး/အပေါ် သက်ရောက်ပါစေသော။
တိတု/ဩဝါဒစာ ပြီးပါပြီ။